နောက်ခံသမိုင်းကြောင်း
(၁၉၁၄-ခုနှစ်မှ ၁၈၆၈-ခုနှစ်)
ဘော်တွင်းသတ္တုတွင်း၌
သတ္တုတူးဖေါ်ခြင်းကို ၁၄၁၂-ခုနှစ်မှစ၍ တရုတ်လူမျိုးများ ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ တရုတ်တို့သည်
ထိုခေတ်က ခဲသတ္တုရိုင်းများထဲမှ ငွေစင်ကိုသာ အဓိကထားထုတ်ယူ ကြိုချက်ခဲ့ကြသည်။ ထို့ကြောင့်ဘော်တွင်းဒေသ၏
သစ်တောများပြုန်းတီးကုန်ပြီး ယခုအခါ တောင်ကတုန်းများအဖြစ်သာ ကျန်ရစ်ခဲ့လေသည်။ ငွေစင်ကိုသာ
ကြိုချက်ယူသွားသဖြင့် ဘော်တွင်းဒေသ ပတ်ဝန်းကျင်အနီးတဝိုက်တွင် ယခုအချိန်အထိ ခဲချော်ချေး
(Slag) ပုံများကိုတွေ့ရှိရလေသည်။ မက္ကလာရင်၊ ကော်ဂျင်းဘရောင်းစသော ဘူမိပညာရှင်များ၏
မှတ်းတမ်းအရ ရှေးတရုတ်တို့သည် ၁၈၆၈-ခုနှစ်တွင် ဘော်တွင်းသတ္တုတွင်းမှ အပြီးအပိုင် စွန့်ခွာသွားကြသည်ဟုဆိုပါသည်။
နောက်ခံသမိုင်းကြောင်း
(၁၈၆၈-ခုနှစ်မှ ၁၉၀၆-ခုနှစ်)
တရုတ်တိုထွက်ခွာသွားသောအခါတွင်
ဘော်တွင်းပတ်ဝန်းကျင်၌ နေထိုင်လဆက်ရှိသော ကချင်လူမျိုးများ ဘော်တွင်း၏ တောင်ဘက်ယွန်းယွန်းမဝေးလှသော
နမ့်ဆန်ဒေသမှ ပလောင်တိုင်ရင်းသားများ ဝင်ရောက်လုပ်ကိုကြဟန်တူသည်။ ထိုစဉ်ကပင် တိုင်းရင်းသားတို့သည်
ငွေထည်ယဉ်ကျေးမှု ရှိခဲ့သည်မဟုတ်လော။
တရုတ်တို့ထွက်ခွာသွားပြီးနောက်
မြန်မာပြည်သည် မင်းတုန်းမင်နှင့် သီပေါမင်းတို့လက်ထက် ဘော်တွင်းသတ္တုတွင်း၌ အလုပ်လုပ်ရန်တပ်မကြီးများ
ပို့လွတ်သော်လည်း သတ္တုတူးဖေါ်သည့်ပညာရပ်တွင် တတ်ကျွမ်းမှုနည်းပါးသဖြင့် မြန်မာတို့သည်
ဘော်တွင်သတ္တုတွင်းမှ စွန့်ခွာခဲ့ကြသည်ဟု မက္ကလာရင်၏ မှတ်တမ်း၌ ဆိုပါသည်။
တရုတ်ပြည်မင်နန်းဆက်တွင်
နာမည်ကြီးလှသော နန်းတွင်းသုံးငွေထည်ပစ္စည်းများမှာ ဘော်တွင်းသတ္တုတွင်းမှ ဖြစ်ကြောင်း
မစ္စတာဟားဘတ်ဟူးဘား၏မှတ်တမ်း၌ ဆိုပါသည်။ အင်္ဂလိပ်တို့က ဘော်တွင်းသတ္တုတွင်းမှ စိတ်ဝင်စားသောအရာမှာ
တရုတ်တို့ငွေသတ္တုစင်ကို ကြိုချက်ထုတ်ယူပြီးနောက် အကြွင်းအကျန်အဖြစ် စွန့်ပစ်ထားခဲ့သောခဲချော်ချေး
(Slag) အပုံကြီးများပင်ဖြစ်လေသည်။ ခဲချော်ချေး (Slag) တို့တွင် ၄၅%မှ ၅၀%အထိခဲပါဝင်ပြီး
၁၅%မှ ၁၆%အထိသွပ်ပါဝင်ကြပါသည်။ အင်္ဂလိပ်တို့သည် ၁၉၀၃-ခုနှစ်တွင် Mr. Acmartin ဆိုသူဗြိတိသျှလူမျိုးတစ်ဦးနှင့်
Mr. ME Timber Slay ဆိုသူတို့ တွဲဖက်၍ မြန်မာပြည် သတ္တုတိုးချဲ့တူးဖေါ်ရေး အေဂျင်စီကိုဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး
ဂျီ၊ အီး၊ အမ်၊ စီခေါ် မဟာအရှေ့ဖျားသတ္တုတွင်းကုမ္ပဏီ၊ Great Eastan Mining Co, Ltd. ကိုတည်ထောင်ကာ
ထိုချော်ပုံကြီးကို တူးယူ၍ မန္တလေးတွင် တည်ထားသော သတ္တုချက်ဖိုလေးများနှင့်ခဲသတ္တုထုတ်လုပ်ခဲ့သည်။
သို့သော်
ဂျီ၊ အီး၊ အမ်၊ စီ အနေဖြင့်ထုတ်လုပ်ရေးကိစ္စကိုကောင်းစွာ မလုပ်မီအကြောင်းအမျိုးမျိုးကြောင့်
အကျိုးများစွာမခံစားရဘဲ မိမိပိုင်ပစ္စည်းများကို ၁၉၀၆-ခုနှစ်တွင် ဘားမားမိုင်းလီမိတတ်
(Burmar Mines Co, Ltd) သို့ရောင်းစားလိုက်ရသည်။
No comments:
Post a Comment