ဘော်တွင်းသတ္တုတွင်း (ဘော်တွင်း-နမ္မတူ)သည်
ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်ဘော်တွင်းသတ္တုတွင်းအတွင်းတည်ရှိပြီး အရှေလောင်ဂျီတွစ် ၉၇ံ ၁၇ မိနစ်
တွင်၎င်း၊ မြောက်လတ္တီတွစ် ၂၃ ဒီဂရီ ၀၆ မိနစ်တွင်၎င်း၊ တည်ရှိ၍ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း
(၃၁၀၇) အမြင့်တွင်တည်ရှိပါသည်။ ဘော်တွင်းသတ္တုတွင်းသည် လားရှိုးမြို့ အနောက်မြောက်ဘက်
(၄၄-မိုင်) အကွာဝေးရှိ နမ္မတူမြို့သို့ ကားဖြင့်၎င်း သီပေါမြို့၏ မြောက်ဘက် (၄၂-မိုင်) အကွာဝေးရှိနမ္မတူမြို့သို့
ကားဖြင့်၎င်း၊ သွားလာနိုင်ပြီး နမ္မတူမြို့မှ (၁၄)မိုင်ဝေးသော ဘော်တွင်းသို့ ကားဖြင့်သွားရောက်နိုင်ပါသည်။
ဧရိယာအကျယ်အဝန်းမှာ (၄၇၄၉) စတုရန်းမိုင်ဖြစ်ပါသည်။
ဘော်တွင်းသတ္တုတွင်း အနီးတဝိုက်တွင် မြင့်မားမတ်စောက်၍
လုံးဝန်းသောပုံကုန်းများဖြစ်ကြပြီး ပေ(၆၀၀) မှ ပေ (၄၆၀၀) ကျော်အထိရှိကြပါသည်။ တောင်ကုန်းများကြားတွင်
ဗွီပုံတောင်ကြားများဖြေစ်ပေါ်နေကြပါသည်။ တောင်ကုန်းများတွင် နွယ်ပင်၊ မြက်ပင်၊ ချုံနွယ်ဝင်အပင်များသာ
ပေါက်ရောက်လျက်ရှိပြီး သစ်ကြီးများပေါက်ရောက်မှု မရှိတော့ပေ။ အချို့သောအနိမ့်ပိုင်းလျှိုများတွင်
ဝါးပင်နှင့်သစ်ပင်ငယ်များသာ ပေါက်ရောက်သည်ကိုတွေ့ရပါသည်။ မေလမှ အောက်တိုဘာလအထိ မိုးရွာသွန်းလေ့ရှိပြီး
တနှစ်ပတ်လုံးပျှမ်းမျှမိုးရေချိန် (၆၀) လက်မအထိ ရွာသွန်းလေ့ရှိပြီး ဆောင်းရာသီတွင်
၅ ဒီဂရီစင်တီဂရိတ်အထိ အေး၍ နွေရာသီတွင် (၃၀) ဒီဂရီစင်တီဂရိတ်အထိ အပူချိန်ရှိပါသည်။
နမ့်ပန်ယွန်းချောင်းသည် ဘော်တွင်းသတ္တုတွင်း ကိုဖြတ်လျှက် အနောက်မြောက်ဘက်မှ အရှေ့ဘက်သို့စီးဆင်းပြီး
နမ္မတူမြစ်ထဲသို့ စီးဝင်ပါသည်။
No comments:
Post a Comment